နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ် အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ငုယင်အန်းဒပ် အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်၊ ၁၁၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများအကြား ကာလရှည်ကြာတည်ရှိပြီး ဖြစ်သော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထား ရှိသည့်ယန္တရားများ ပြန်လည်စတင်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်

**********************

Union Minister for Foreign Affairs receives Ambassador of Viet Nam to Myanmar

U Tin Maung Swe, Union Minister for Foreign Affairs received Mr. Nguyen Anh Duc, Ambassador of Viet Nam to Myanmar, at 1100 hrs on 13 August 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they cordially exchanged views on accelerating mutually beneficial cooperation, further enhancing the long-standing friendly relations between the two countries and peoples, resuming established bilateral mechanisms, and fostering closer cooperation in regional and international arenas, including ASEAN.

Ministry of Foreign Affairs
Nay Pyi Taw
13 August 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).