နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆို
• ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် သမ္မတနန်းတော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။
• ဘယ်လာရုစ်သမ္မတက နိုင်ငံတော်သမ္မတအား ကြိုဆိုနှုတ်ဆက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြသည်။
• ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့က မြန်မာနိုင်ငံတော်သီချင်းနှင့် ဘယ်လာရုစ်နိုင်ငံတော်သီချင်းတို့ကို တီးမှုတ်ခဲ့သည်။
• ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးခဲ့သည်။
• အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဘယ်လာရုစ်နိုင်ငံဘက်မှလည်း အစိုးရအဖွဲ့ အဆင့်မြင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
