နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos နိုင်ငံပိုင်ကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vladimirovich Bakanov က ယနေ့ ဩဂုတ် ၁၉ ရက်တွင် လာရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ်
– မြန်မာ–ရုရှားအကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး (ERS) ဂြိုဟ်တုဓာတ်ပုံဒေတာရယူရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊
– အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊ COSPAS-SARSAT၊ One Way Station နှင့် ASPOS စနစ်များ ပူးပေါင်းအကောင်အထည်ဖော်ရေး၊
– Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ် နှင့် နာနိုဂြိုဟ်တုတည်ဆောက် လွှတ်တင်ရေး အပါအဝင် အာကာသနည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
(1)(613)232 9990
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).