နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ (United Nations Population Fund- UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ မစ္စတာ ဟိုင်မန် နဒဲ ရော့ဂျ် အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၄-၇-၂၀၂၆ ရက်၊ ၁၄:၀၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် UNFPA ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်
နိုင်ငံခြားရေးဝန်ကြီးဌာန
**********
Deputy Minister for Foreign Affairs receives UNFPA Representative to Myanmar
U Ko Ko Kyaw, Deputy Minister of the Ministry of Foreign Affairs received Mr. Jaime Nadal Roig, Representative of the United Nations Population Fund (UNFPA) to Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 14:00 hrs on 24 July 2026.
During the meeting, they exchanged views on matters pertaining to the UNFPA’s work plans and its activities in Myanmar.
Also present at the meeting were the respective officials of the Ministry of Foreign Affairs.
Dated: 24 July 2026
Ministry of Foreign Affairs
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
