နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ ၁၃၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံ အကြား နယ်စပ်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု၊ အကောင်အထည်ဖော်လျက်ရှိသည့် ပေါင်းကူး ဆက်နွှယ်ရေးစီမံကိန်းများ အထူးသဖြင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူ ပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းများ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး စသည့်နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
*******
Deputy Minister for Foreign Affairs U Ko Ko Kyaw received Mr. Abhay Thakur, Ambassador of India, at the Ministry of Foreign Affairs in Nay Pyi Taw at 1300 hrs on 17 July 2026.
During the meeting, they cordially exchanged views on promoting the existing friendly relations between the two countries. Their discussion also covered various areas of common interest, including to enhance cooperation on border security, border trade and the implementation of connectivity projects particularly the Kaladan Multi-Modal Transit Transport Project and India–Myanmar– Thai Trilateral Highway.
Ministry of Foreign Affairs
Nay Pyi Taw.
Dated, 17 July 2026
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
