နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်၍ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမျိုးသားပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ၁၇-၇-၂၀၂၆ ရက် (သောကြာနေ့)၊ နံနက် ၀၈၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန် သင်တန်းကျောင်း ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများက ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲပျိုးပွဲ အခမ်းအနား၌ ကျွန်းပင်၊ ကံ့ကော်ပင်၊ ခရေပင်နှင့် မဟော်ဂနီပင်များ အပါအဝင် ပျိုးပင်ပေါင်း (၄၅၅) ပင်ကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီး များနှင့် ညွှန်ကြားရေးမှူးချုပ်များက အရာထမ်း/အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး၊ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နံနက် ၀၉၀၀ နာရီချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
