နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Ms. Sara Austin Netzer အား လက်ခံတွေ့ဆုံ

(၁၇-၇-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ မကြာမီပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ ၁၅၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် Ms. Sara Austin Netzer အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန် ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း မြန်မာနိုင်ငံနှင့် UNOPS တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် UNOPS မှ ဆက်လက်ဆောင်ရွက်လျက်ရှိမည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

********

U Tin Maung Swe, Union Minister for Foreign Affairs receives Ms. Sara Austin Netzer, Country Director and Representative of UNOPS Myanmar

(17-7-2026, Nay Pyi Taw)

U Tin Maung Swe, Union Minister for Foreign Affairs received Ms. Sara Austin Netzer, Country Director and Representative of UNOPS Myanmar who has completed her mission and will depart soon, at 1500 hrs on 17 July 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to cooperation between Myanmar and UNOPS during her term in Myanmar as well as further activities of the UNOPS.
Also present at the meeting were respective officials of the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).