လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry က ဂါဝရပြု လာရောက်တွေ့ဆုံ
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက နိုင်ငံတော်သမ္မတတာဝန်ယူပြီးနောက် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသို ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားသည့် သင်္ကေတတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ-လာအို ချစ်ကြည်ရေးအသင်းများအကြား နှစ်စဉ်ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်၍ မိသားစုသဖွယ်၊ ညီအစ်ကိုသဖွယ် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေး (People-to-People Relations) ကို ပိုမိုမြှင့်တင်ရေး၊ လူငယ်များ၏ ပညာရေး၊ အလုပ်အကိုင်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍများတွင် ချစ်ကြည်ရေးအသင်းများ၏ အခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း အလေးထားဆွေးနွေးခဲ့ကြသည်။

Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
(1)(613)232 9990
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).