မြန်မာနိုင်ငံနှင့် နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးပြောကြား (နေပြည်တော်၊ ၄-၈-၂၀၂၅)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အီဗန် လာရာ ပါလာစီအိုစ့် (Mr. Iván Lara Palacios) နှင့် ၄-၈-၂၀၂၅ ရက်တွင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့သို့ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံအကြား သံတမန်အဆက် အသွယ်ထူထောင်မှု (၅) နှစ်ပြည့်မြောက်လုပြီဖြစ်ရာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးသောဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
Deputy Foreign Ministers of Myanmar and Nicaragua discuss to further strengthen Bilateral Relations
(Nay Pyi Taw, 4-8-2025)
H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, held a discussion via teleconference on 4 August 2025 with H.E. Mr. Iván Lara Palacios, Deputy Minister of Foreign Affairs of the Republic of Nicaragua, to discuss ways and means to further enhance bilateral relations between Myanmar and Nicaragua.
During the conversation, they reviewed the existing friendly relations between Myanmar and Nicaragua which will soon reach to the 5th anniversary of the establishment of diplomatic relations. They cordially exchanged views on further strengthening of cooperation in the areas of mutual interests.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
