နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန အမှုဆောင် ဒါရိုက်တာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီ‌ပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Mangement- AHA Centre)၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှု နှင့် AHA Centre နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြံပြုခဲ့ပြီး AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
မစ္စတာလီယန်မင်းက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာ နိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့ပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်

************

Union Minister for Foreign Affairs receives a delegation led by Executive Director of the AHA Centre

Union Minister for Foreign Affairs U Tin Maung Swe received a delegation led by Mr. Lee Yam Ming, Executive Director of the ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre), at 1000 hours on 1 July 2026 at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, the Union Minister expressed his appreciation for the efforts of the AHA Centre to provide humanitarian assistance in Myanmar, while encouraging to maintain the close cooperation with the Government of Myanmar to ensure that humanitarian assistance is delivered to those who are in need effectively and efficiently. The Union Minister emphasized the importance of ensuring that humanitarian aid aligns with Myanmar’s prioritized needs, and explained the Government’s facilitation of the AHA Centre’s initiatives in delivering humanitarian assistance to the people of Myanmar. The Union Minister also suggested areas of cooperation with the AHA Centre, and reaffirmed that Myanmar remains committed to supporting the AHA Centre’s functions in Myanmar.
Mr. Lee Yam Ming expressed his appreciation for the support and assistance provided by the Government of Myanmar in delivering humanitarian assistance through the AHA Centre. He also briefed the AHA Centre’s future plans for the provision of humanitarian assistance to Myanmar.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 1 July 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).