နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက အပြည်ပြည်ဆိုင်ရာကြက်ခြေနီ နှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ၃၀-၆-၂၀၂၆ ရက် (အင်္ဂါနေ့) ၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာမှု အကူအညီများ အပါအဝင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS) ၏ လုပ်ငန်းများတွင် IFRC က ကူညီပံ့ပိုးပေးနေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၌ IFRC က ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအ‌ပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

**************

U Tin Maung Swe, Union Minister for Foreign Affairs receives Mr. Alexander James Matheou, Regional Director of International Federation of Red Cross and Red Crescent Societies (IFRC) for Asia Pacific

U Tin Maung Swe, Union Minister for Foreign Affairs received Mr. Alexander James Matheou, Regional Director of International Federation of Red Cross and Red Crescent Societies (IFRC) at 11:00 hrs on 30 June 2026, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters relating to IFRC’s support for the activities of Myanmar Red Cross Society (MRCS) including the humanitarian assistance and the upcoming plans of IFRC in Myanmar.
Also present at the meeting were Ms Nadia Khoury, Head of Delegation, IFRC Myanmar and Professor Dr. Myo Nyunt, President of the MRCS and respective officials of the Ministry of Foreign Affairs.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).