နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခြင်း

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ အား ၅-၆-၂၀၂၆ ရက် ၁၁:၀၀ နာရီအချိန်တွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော် ဧည့်ဂေဟာ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။
နှစ်ဖက်တွေ့ဆုံမှုတွင် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် “အေးအတူပူအမျှ အသိုက်အဝန်း” တည်ထောင်မှုအပါအဝင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများတွင် တရုတ်နိုင်ငံက ဆက်လက်ပံ့ပိုးကူညီသွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများကို အိမ်နီး ချင်းကောင်းပီသစွာ အတူတကွ ပူးပေါင်းတိုက်ဖျက်သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင်လည်း နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်ပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံအား အစဉ်တစိုက် ထောက်ခံအားပေးမှုနှင့် ကူညီပံ့ပိုးပေးမှုများ၊ အထူးသဖြင့် မြေငလျင်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကူညီပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” နှင့် တရုတ်နိုင်ငံ အကြီးအကဲ၏ ကမ္ဘာလုံး ဆိုင်ရာ အစီအမံ (၄) ရပ်အပေါ် အပြည့်အဝထောက်ခံပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ များတွင်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် SCO နှင့် လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စသည့် မူဘောင်များအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် အလေးအနက်ထားပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီတည်ဆောက်မှုတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသည့် လမ်းကြောင်းဖြင့် လျှောက်လှမ်းနေမှုကို ထောက်ခံအားပေးပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ထို့အတူ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကိုမြှင့်တင်သွားပြီး၊ ကဏ္ဍစုံ၌ အကျိုးတူပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး နေ့လယ် ၁၂: ၃၀ နာရီတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
ထို့နောက် ညနေ ၁၆:၀၀ နာရီတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာလီဟုန်ကျုံး အား ပြည်သူ့ခန်းမဆောင်၌ သွားရောက်တွေ့ဆုံ၍ လွှတ်တော်နှင့် အစိုးရသစ်မှ ဆောင်ရွက်သွားမည့် လုပ်ငန်းကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ကဏ္ဍသစ်ဖွင့်လှစ်နိုင်ရေးကိစ္စ၊ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းရင်း နှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်။

*************

Union Minister for Ministry of Foreign Affairs of Myanmar pays an official visit to China

At the invitation of H.E. Mr. Wang Yi, Member of the Political Bureau of the CPC Central Committee and Minister of Foreign Affairs of the People’s Republic of China, H.E. U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, pays an official visit to China.
During the visit, Union Minister met with H.E. Mr. Wang Yi at the Diaoyutai State Guesthouse in Beijing at 11:00 am on 5 June 2026. During the meeting, the two sides cordially exchanged views on further consolidating the existing traditional “Pauk-Phaw” friendship between Myanmar and China, accelerating pragmatic cooperation, including the building up of a “Community with a Shared Future,” enhancement of cooperation between the two Foreign Ministries, boosting bilateral trade and investment, continue cooperation for stability and peace along the border, and China’s continued support and assistance towards Myanmar’s peace process and socio-economic development efforts.
Furthermore, both sides agreed to continue working on combating online scams and other illegal activities in the border areas, and to enhance mutually beneficial cooperation while rendering mutual support to each other on regional and international arenas.
During the discussions, the Union Minister expressed his profound appreciation to China for its consistent support torwards Myanmar, particularly for its contribution in the post-earthquake rehabilitation processes. He also emphasized that Myanmar fully supports the “One China Policy” and the four global initiatives of the Chinese leader, and will continue to collaborate on regional and international arenas, especially under the Shanghai Cooperation Organization (SCO) and Lancang-Mekong cooperation frameworks.
Chinese Foreign Affairs Minister H.E. Mr. Wang Yi stated that China will continue working for the strengthening of friendly Pauk Phaw relations, and will continue to support Myanmar’s peace process and its own way toward building a democratic nation in alignment with its own national interests. He also added to enhance understanding and trust through close cooperation between the two Foreign Ministries and thereby advancing mutually beneficial cooperation across all sectors.
Following the meeting, at 12:30 p.m., H.E. Mr. Wang Yi, hosted a luncheon for the Union Minister U Tin Maung Swe and delegation.
Later at 16:00 pm, the Union Minister met with H.E. Mr. Li Hongzhong, Member of the Political Bureau of the CPC Central Committee and Vice Chairman of the Standing Committee of the National People’s Congress of China (NPC), at the Great Hall. They engaged in a cordial exchange of views on parliamentary and governmental initiatives, exploring opportunities to expand cooperation between the two Parliaments, discussed ways to open up a new chapter in bilateral relations and cooperation.

Ministry of Foreign Affairs
Nay Pyi Taw.
Date, 5th June 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).