နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့တရားဝင်ခရီးစဥ် သွားရောက်၍ အိန္ဒိယနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တိုနှင့် တွေ့ဆုံပြီး နိုင်ငံအတွက် အကျိုးရှိသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၃ ရက်ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နေပြည်တော်လေဆိပ်သိုရောက်ရှိလာသော နိုင်ငံတော်သမ္မတအား အစိုးရအဖွဲ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက်အိန္ဒိယသံရုံး၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို မှ မြန်မာနိုင်ငံသို့အထူးလေယာဥ်ဖြင့် ပြန်လည် ထွက်ခွာချိန်တွင်လည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကော်လ်ကတ္တားမြို၊ မြန်မာကောင်စစ်ဝန်ချုပ်နှင့် ဝန်ထမ်းများ၊ မဟာရာ့ရှ်ထရာပြည်နယ်မှ အဆင့်မြင့်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကပိုဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သိရသည်။

*********

President U Min Aung Hlaing Returns to Nay Pyi Taw

At the invitation of the Prime Minister of India, Shri Narendra Modi, President of the State U Min Aung Hlaing returned to Nay Pyi Taw International Airport on the evening of June 3, after concluding his official visit to India. During the visit, the President held meetings with the President of India and the Prime Minister of India, engaging in beneficial discussions aimed at promoting national interests.Upon his arrival at Nay Pyi Taw International Airport, the President was welcomed by senior members of the Union Government and responsible personnel. Officials from the Embassy of the Republic of India based in Yangon were also present at the airport to greet the returning delegation.Earlier, when the President departed on a special flight from Mumbai, India, he was seen off at the airport by the Myanmar Ambassador to India, the Myanmar Consul-General to Kolkata, and embassy staff members. High-level representatives and dignitaries from Maharashtra State also attended the airport to formally bid farewell to the Myanmar delegation.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).