ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဂျဝါဟာလာနေရူး ဆိပ်ကမ်းကို ကြည့်ရှုလေ့လာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင် သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဂျဝါဟာလာ နေရူးဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုလေ့လာကြရာ ဆိပ်ကမ်းအာဏာပိုင် ဥက္ကဋ္ဌ Mr. Gaurav Dayal IAS နှင့် ဆိပ်ကမ်းမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဆိပ်ကမ်းအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ဆိပ်ကမ်းအာဏာပိုင် အဖွဲ့အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဆိပ်ကမ်းမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်အပ်ပါကြောင်း နှုတ်ခွန်း ဆက်စကားပြောကြားပြီး ဆိပ်ကမ်းဆိုင်ရာ သမိုင်းကြောင်းနှင့် အချက်အလက်များ၊ ဆိပ်ကမ်းတွင် နည်းပညာမြင့် စက်ကိရိယာများ အသုံးပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေး မိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းကို အသုံးပြုခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှု၊ အခြေခံအဆောက်အအုံပိုင်း ဆိုင်ရာ တိုးတက်ရေးနှင့် ဒစ်ဂျယ်တယ်စနစ်ဖြင့် ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့မှု၊ Green Port အဖြစ် လုပ်ငန်းများ ဆောင်ရွက်နေမှုူ၊ ဆိပ်ကမ်းမှ PPP မော်ဒယ်ဖြင့် ဝန်ဆောင်မှုပေး လျက်ရှိမှု၊ ဆိပ်ကမ်းနှင့် ပတ်သက်သည့် သင်တန်းများအား မျှဝေသင်ကြားပေးနိုင်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များကို ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုနှင့် အသစ်ထပ်မံ တည်ဆောက် ရန်ဆောင်ရွက်လျက်ရှိသည့် Vadhavan ဆိပ်ကမ်းစီမံကိန်း ဗီဒီယိုများ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ယခုဆိပ်ကမ်းသို့ လာရောက် လေ့လာခြင်းသည် မိမိတို့နိုင်ငံ၌ ဆိပ်ကမ်းတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပြီး ယခု ဆိပ်ကမ်းသည် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းကြီးတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ နိုင်ငံတော်ပိုင် ဆိပ်ကမ်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ယခုဆိပ်ကမ်းသို့ လာရောက် လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ မိမိလာရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုအခန်းကဏ္ဍ ပိုမိုတိုးတက်လာစေရေး အတွက် မိမိတို့နိုင်ငံ၏ ဆိပ်ကမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်တန်းများ သင်ကြားပေးမည်ဆိုပါက မိမိနိုင်ငံမှ သင်တန်းသားများကို စေလွှတ်သွားမည် ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဂျဝါဟာလာနေရူးဆိပ်ကမ်း ဆိပ်ကမ်းအာဏာပိုင် ဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

************

President of the Republic of the Union of Myanmar U Min Aung Hlaing visits Jawaharla Nehru Port

The high-level delegation led by President of the Republic of the Union of Myanmar U Min Aung Hlaing visited Jawaharla Nehru Port in the afternoon of 2nd June. The President and delegation members were welcomed by the Trust Authority of the port Chairperson, Shri Gaurav Dayal IAS.
At the meeting hall, officials extended greetings that the Port Trust Authority warmly welcomed the high-level Myanmar delegation led by President U Min Aung Hlaing. They also explained the facts about the port, use of high technology machinery at the port, operations of maritime trade and measures of the port as an economic partnership of Myanmar, generating revenue from the use of the port for the nation, development of infrastructure and operating digital system, functioning the port as a green port, giving PPP model service, and conducting training to share port functions. Officials made clarification with a video clip on the functions of the port and a project documentary video clip on preparations to build the Vadhavan Port.
In response, the President said that as Myanmar is working on port construction, they visited this port, an international-standard major facility. The President stated that their visit to the port was for the purpose of observing it in order to upgrade state-owned ports in Myanmar. His visit was aimed to promote bilateral trade and Myanmar’s ports will be upgraded to further enhance trade relations between the two countries. He continued that if training courses on port management and related fields are offered, Myanmar would send trainees to participate.
Thereafter, the President and the Trust Authority of the port Chairperson exchanged commemorative gifts and took a group photo.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).