နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၁၅-၈-၂၀၂၅၊ နေပြည်တော်)

(၁၅-၈-၂၀၂၅၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ယနေ့ နံနက် ၁၁၃၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ် ပိုမိုတိုးမြှင့်ခိုင်မာစေရေး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြပြီး ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အပါအဝင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်။

Permanent Secretary of the Ministry of Foreign Affairs receives Ambassador of Thailand to Myanmar

(15-8-2025, Nay Pyi Taw)

Permanent Secretary of the Ministry of Foreign Affairs U Hau Khan Sum received H.E. Mr. Mongkol Visitstump, Ambassador of the Kingdom of Thailand to the Republic of the Union of Myanmar, at 11:30 am, today, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they cordially exchanged views on further advancement of the existing friendly relations and bilateral cooperation, and discussed matters pertaining to the expansion of multi-faceted cooperation including tourism, trade, investment, people-to-people ties as well as closer collaboration at both regional and multilateral arenas.

Ministry of Foreign Affairs,
Dated, 15 August 2025.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).