၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းသား သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

(၁၁-၆-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ၁၁-၆-၂၀၂၆ ရက်၊ (ကြာသပတေးနေ့) နံနက် (၁၀:၃၀) နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေမှ တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ စုံညီစွာတက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တို့က ၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် မူကြိုအဆင့်၊ အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ် အဆင့်အထိ တက်ရောက်ပညာသင်ကြား လျက်ရှိသော ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၃၇) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).