မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ ကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူဂီအိုနို နှင့် ဇနီးသည် အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့ လိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် နေပြည်တော်သို့ တရားဝင်ခရီးစဉ် လာရောက် ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယင်းနေ့မွန်းလွဲပိုင်းတွင် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံတို့အကြား ကာလရှည်ကြာစွာ တည်ရှိခဲ့သည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ သံတမန်ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အင်ဒိုနီးရှားနိုင်ငံက အပြုသဘောဆောင် ကြိုဆိုခဲ့ခြင်း အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိမိတို့ နိုင်ငံနှင့် ကိုက်ညီသည့် မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှု များကို နားလည်ထောက်ခံသည့် အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို အသိအမှတ် ပြု ကျေးဇူးတင်ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ပညာသင်ဆုများ ပေးအပ်ခြင်း အပါအဝင် မြန်မာ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးစေလိုပါ ကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရှိရင်းစွဲ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမှ တစ်ဆင့် အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများကို အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် ၅ ရပ် အား မြန်မာဦးဆောင်သော မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်လျက်ရှိခြင်းကို အင်ဒိုနီးရှားအနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံ၏ မိသားစုဝင်အဖြစ် နှစ်ပေါင်းများစွာ တည်ရှိလာသည်ဖြစ်ရာ အာဆီယံ၏ လှုပ်ရှားဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံကို ဆက်လက် ပါဝင်စေလိုပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် လူ့အဖွဲ့အစည်း တွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် နားလည်သဘောပေါက်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပံ့ပိုးလိုပါကြောင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်
**************
Foreign Ministers of Myanmar and Indonesia hold Bilateral Meeting
At the invitation of the Union Minister for Foreign Affairs of the Republic of the Union of Myanmar U Tin Maung Swe, Minister for Foreign Affairs of the Republic of Indonesia Mr. Sugiono and spouse, accompanied by an Indonesian delegation, paid an official visit to Nay Pyi Taw on 8 June 2026.
The Union Minister received and held bilateral meeting with the delegation led by Indonesian Foreign Minister at the Ministry of Foreign Affairs on the afternoon of the same day.
During the meeting, the two Foreign Ministers cordially discussed matters pertaining to strengthening of longstanding friendship between the two countries, enhancing cooperation to open a new chapter in bilateral relations, including diplomatic ties, cooperation in regional and international fora, including ASEAN. They also exchanged views on promoting collaboration in the areas of mutual benefit.
The Union Minister for Foreign Affairs expressed sincere thanks to Indonesia for its constructive appreciation of Myanmar’s peace process and political developments. He stated that cooperation between the two Foreign Ministries would be further elevated. He emphasized that Myanmar, as a responsible member of ASEAN, is actively engaged with ASEAN and will continue its efforts through a Myanmar-owned and Myanmar-led process aligned with the country’s prevailing circumstances. He also conveyed gratitude to Indonesia and other ASEAN Member States for their supports on Myanmar’s positive developments. He requested Indonesia for the provision of training courses for human resource development in Myanmar.
The Indonesian Foreign Minister affirmed that Indonesia is committed to enhancing its existing relations with Myanmar. He fully acknowledged Myanmar’s efforts toward peace, national reconciliation, and democratic transition following the emergence of a new government through elections. He further recognized Myanmar’s implementation of the ASEAN Five-Point statement through a Myanmar-led and Myanmar-owned process. Noting that Myanmar has been an integral part of the ASEAN family, he expressed Indonesia’s desire to see Myanmar’s continued participation in ASEAN activities. The Indonesian Foreign Minister added that Indonesia understands the unique challenges faced by a multi-ethnic society in Myanmar and wishes to support Myanmar’s peace process. He also expressed a keen interest in enhancing cooperation in the economic, education, health, people-to-people exchange, and humanitarian assistance.
Ministry of Foreign Affairs
Nay Pyi Taw
8 June 2026
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
