မန္တလေးငလျင်ကြီး (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားပြပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်ပြသ

(၂၈-၃-၂၀၂၆ရက်၊နေပြည်တော်)

]မန္တလေးငလျင်ကြီး (၁) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားအား ၂၀၂၆ ခုနှစ်၊ မတ်လ (၂၈) ရက်၊ ၁၂၄၅ နာရီတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၁ တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအသီးသီးက မန္တလေးငလျင်ကြီးပြီးနောက် ၎င်းတို့၏တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပြန်လည်ထူ ထောင်ရေး ကြိုးပမ်းမှုများအား ပြခန်းများဖွင့်လှစ်ပြသခဲ့ပါသည်။

အဆိုပါပြခန်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ကြောင့် ဝန်ကြီးဌာန နှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦများ ပြိုကျပျက်စီးမှုနှင့် ပြန်လည်တည်ဆောက် ပြီးစီးသည့် အနေအထားများ၊ ငလျင်ပြီးနောက် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ၊ နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများ အချိန်နှင့်တပြေးညီ ရောက်ရှိရေး အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ခဲ့သည့်အခန်းကဏ္ဍများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်မှုများ အား ပြသခဲ့ပြီး၊ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။

*********************************

Ministry of Foreign Affairs participates in Exhibition and Ceremony Commemorating the First Anniversary of the Mandalay Earthquake

(28-3-2026,Nay Pyi Taw)

The Ceremony commemorating the first anniversary of the Mandalay Earthquake was held on 28 March 2026 at 12:45 hours at Myanmar International Convention Center-1 (MICC-1). At the event, ministries including the Ministry of Foreign Affairs presented their responses and recovery achievements following the disaster through the exhibition.

At the exhibition booth, the Ministry of Foreign Affairs showcased the damage caused by the earthquake to its office buildings and staff housing, as well as the status of completed reconstruction efforts. It also highlighted the Ministry’s role in coordinating with relevant ministries to ensure the timely arrival of international rescue teams and humanitarian assistance following the earthquake, along with its engagement and cooperation with international organizations. Responsible officials provided detailed explanations of these efforts.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).