နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့တို့အား လက်ခံတွေ့ဆုံ

(၁၀-၄-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ထမ်းဆောင်ခြင်း အခမ်းအနား သို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် Mr. Kitti Settha Pandita Cham Prasidh၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ယခင် ဝန်ကြီးချုပ်ရုံး၊ ဝန်ကြီး Mr. Alounkeo Kittikhoun နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Nguyen Tat Thanh တို့အား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ ညပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သက်ဆိုင်ရာ နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်စေရေးနှင့် နှစ်နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

**********************************

Union Minister for Foreign Affairs receives Cambodian, Laotian and Vietnamese delegations

(10 April 2026, Nay Pyi Taw)

U Tin Maung Swe, Union Minister for Foreign Affairs received Mr. Kitti Settha Pandita Cham Prasidh, Member of Supreme Privy Council of His Majesty the King and Special Envoy of the Royal Government of Cambodia to ASEAN; Mr. Alounkeo Kittikhoun, Former Special Envoy of the Lao PDR’s ASEAN Chair in 2024 on Myanmar and Former Minister at the Prime Minister’s Office of the Lao People’s Democratic Republic; and Mr. Nguyen Tat Thanh, Director-General, South East Asia, South Asia, South Pacific Department, Ministry of Foreign Affairs of Viet Nam, who attended the Presidential Inauguration Ceremony, at M Gallery Hotel, Nay Pyi Taw in the evening of 10 April 2026.

They discussed matters relating to strengthening of bilateral relations with respective countries and promoting closer cooperation in both bilateral and regional context.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).