နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း
(၁၇-၃-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်းကပ်လှူခြင်း အခမ်းအနားကို ၁၇-၃-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက် (၆:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဇနီး ဒေါ်မီမီခင်၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်ဇနီး ဒေါက်တာ ဒေါ်အေးမင်းစိုး၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရှမ်းစပ်ကုန်း မြောက်ကျောင်း ဆရာတော် ဦးကောသလ္လနှင့် ရတနာမှန်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝိလာဘ တို့အမှူးပြုသော ပင့်သံဃာတော် (၅) ပါးတို့အား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်းနှင့် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
