ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur ကို လက်ခံတွေ့ဆုံ
(၆-၁၁-၂၀၂၅ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြား ရေးမှူး Mr. Sanjay Mathur ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ ၁၀:၄၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UNOPS အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံမှုသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့ တက်ရောက် ခဲ့ကြသည်။
****************
U Than Swe, Union Minister for Foreign Affairs receives Mr. Sanjay Mathur, Regional Director of the UNOPS Asia-Pacific Region based in Bangkok
(6-11-2025, Nay Pyi Taw)
U Than Swe, Union Minister for Foreign Affairs received Mr. Sanjay Mathur, Regional Director of the United Nations Office for Project Services (UNOPS) Asia-Pacific Region based in Bangkok, at 10:45 hrs on 6 November 2025, at the Ministry of Foreign Affairs in Nay Pyi Taw.
During the meeting, they exchanged views on matters related to the existing cooperation between Myanmar and the UNOPS.
Also present at the meeting were respective officials of the Ministry of Foreign Affairs and Ms. Sara Austin Netzer, Country Director and Representative of UNOPS in Myanmar.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
