ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

(၁၁-၃-၂၀၂၆၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားအား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်၊ ၁၄၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ဘုံအကျိုးစီးပွားဖြစ်ထွန်း စေမည့် နယ်ပယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

Union Minister for Foreign Affairs U Than Swe receives Ambassador of Sri Lanka to Myanmar

(11-03-2026, Nay Pyi Taw)

Union Minister for Foreign Affairs U Than Swe received Mrs. Ponnamperuma Arachchige Prabashini Ponnamperuma, Ambassador of Sri Lanka to Myanmar at the Ministry of Foreign Affairs in Nay Pyi Taw on 11 March 2026 at 1400 hrs.

During the meeting, they exchanged views on matters pertaining to the further advancement of bilateral relations, cooperation in areas of common interest and collaboration between the two countries in both regional and multilateral contexts.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).