နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

(၄-၆-၂၀၂၅ ရက်၊နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ၄-၆-၂၀၂၅ ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၃0) နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ လောကနတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ တက်ရောက်အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ နှင့် ဝန်ထမ်း သား/သမီးများ စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး(၁) ဦးလွင်ဦး၊ ဒုတိယဝန်ကြီး (၂) ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း အဆင့်မှ တက္ကသိုလ်အဆင့်အထိ တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူ စုစုပေါင်း (၂၄၁) ဦးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).