ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်သို့ ပါဝင်တက်ရောက်
၁၅-၆-၂၀၂၅
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်၊ ၀၆၀၀ နာရီတွင် နေပြည်တော်၊ သတ္တသတ္တာဟမဟာဗောဓိစေတီတော်ရင်ပြင်၌ ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အခမ်းအနား ယောဂသရုပ်ပြလေ့ကျင့်ခြင်း အစီအစဉ်သို့ ပါဝင်တက်ရောက်ခဲ့သည်။
ထိုအစီအစဉ်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်နှင့် အိန္ဒိယသံရုံးမှ တာဝန်ရှိသူများနှင့် အခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အိန္ဒိယသံအမတ်ကြီးနှင့်အတူ သတ္တသတ္တာဟမဟာဗောဓိ စေတီတော်ရင်ပြင်၌ (၁၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်အား အမှတ်တရ ဂုဏ်ပြုစိုက်ပျိုးခဲ့ကြသည်။
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, participated in the Yoga Session observing the 11th International Day of Yoga
15 June 2025
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, participated in the Yoga Session organized by the Embassy of the Republic of India stationed in Yangon in collaboration with the Ministry of Religious Affairs and Culture of Myanmar to observe the 11th International Day of Yoga at 06:00 AM on 15 June 2025 at the Thatta Thattaha Maha Bawdi Pagoda in Nay Pyi Taw.
U Lwin Oo and U Ko Ko Kyaw, Deputy Ministers of the Ministry of Foreign Affairs, the members of Nay Pyi Taw Council, the Government Officials from the Ministry of Foreign Affairs, the Ministry of Sport and Youth, the office of Nay Pyi Taw Council and the Ambassador of India H.E. Mr. Abhay Thakur, diplomats and staff from the Embassy of India as well as other invitees also participated in the Yoga session and celebrated the 11th International Day of Yoga altogether.
The Deputy Prime Minister and Union Minister for Foreign Affairs then planted a sapling of Mesua Ferrea along with the Ambassador of India in commemoration of the 11th International Day of Yoga at the Thatta Thattaha Maha Bawdi Pagoda in Nay Pyi Taw.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
