အာဆီယံကော်မတီအစည်းအဝေးနှင့် အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်
(၂၆-၆-၂၀၂၅ ရက်၊ အော်တာဝါ)
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ထိုင်းသံအမတ်ကြီး Mr. Kallayana Vipattipumiprates ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ (၁၀:၃၀)နာရီတွင် အော်တာဝါမြို့ရှိ ထိုင်းသံအမတ်ကြီး၏ နေအိမ်၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ(အော်တာဝါ)သံရုံးအကြီးအကဲများ၏ (၂၉၁)ကြိမ်မြောက်အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအကဲများက အာဆီယံ-ကနေဒါ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ဇူလိုင်လတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပရန်ရှိသည့် အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာကိစ္စရပ်များနှင့် ကနေဒါနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ထိုင်းသံအမတ်ကြီးက အာဆီယံကော်မတီ (အော်တာဝါ) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်သံအမတ်ကြီး Mr. Vinh Quang Pham ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအကဲများနှင့် တရုတ်သံအမတ်ကြီး Mr. Wang Di တို့၏ အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
***************
Ambassador of Myanmar to Canada attends the ASEAN Committee Meeting and Handover Ceremony
(26-6-2025, Ottawa)
Ambassador of Myanmar to Canada U Hau Khan Sum attended the 291st Meeting of the ASEAN Committee in Ottawa (ACO) Heads of Mission and Handover Ceremony of the Chairmanship of the ACO hosted by Mr. Kallayana Vipattipumiprates, Ambassador of Thailand and current Chair of the ACO at 10:30 a.m. on 26 June 2025 at the Thai Residence in Ottawa.
During the Meeting, the ASEAN Heads of Mission discussed and exchanged views on the development of the ASEAN-Canada Strategic Partnership, upcoming ASEAN Post Ministerial Conference (PMC) plus one with Canada to be held in Malaysia and strengthening of bilateral relations between the ASEAN Member States and Canada. Afterward, the Ambassador of Thailand handed over the Chairmanship of the ACO to Ambassador Vinh Quang Pham of Vietnam. The Meeting was followed by a working lunch with Mr. Wang Di, Ambassador of the People’s Republic of China to Canada.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
