နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကို လက်ခံတွေ့ဆုံ

(၂၀-၆-၂၀၂၅၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနနှင့် ရုရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဌာနတို့အကြား တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိ နေသော ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ H.E. Alexi Ovchinnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၄:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ရုရှားကိုယ်စားလှယ်အဖွဲ့က ငလျင်ဘေးသင့် မြန်မာပြည်သူများအပေါ် စာနာဂရုဏာဖြစ်မိကြောင်း ပြောကြားခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များအပေါ် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံ-ရုရှားဆွေးနွေးဖက်ဆက်ဆံရေး တာဝန်ခံညှိနှိုင်း ရေးမှူးအနေဖြင့် မိတ်ဖက်ဆက်ဆံရေးတို့ကို ပိုမိုခိုင်မာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒနှင့် အာဆီယံပဋိညာဉ် စာတမ်းပါ မူဝါဒများကို အလေးထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

****************************

H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs received the Director-General of the Department of Asian and Pacific Cooperation of the Ministry of Foreign Affairs of the Russian Federation

(20th June 2025, Nay Pyi Taw)

Deputy Minister for Foreign Affairs, H.E. U Ko Ko Kyaw received H.E. Alexi Ovchinnikov, who is on the delegation to Nay Pyi Taw for the Consultation between the ASEAN Affairs Department of the Ministry of Foreign Affairs of Myanmar and Department of Asian and Pacific Cooperation of the Ministry of Foreign Affairs of the Russian Federation at 1400 hrs today at the Ministry of Foreign Affairs.
During the Courtesy Call, the delegation expressed sympathy for the victims of the recent earthquake in Myanmar and shared candid views on regional and international issues. The Deputy Minister reaffirmed Myanmar’s role as country coordinator in advancing the ASEAN-Russia Partnership and reiterated the country’s commitment to an independent foreign policy and to upholding the principles of the ASEAN Charter.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).