နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် ထိုင်းသံအမတ်ကြီး မစ္စတာမုံခွန်းဝိ စစ်စတန် အား လက်ခံတွေ့ဆုံ၍ ညစာဖြင့် တည်ခင်းဧည့်ခံ
(၂၆-၁-၂၀၂၆ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံ မှ ပြန်လည်ထွက်ခွာတော့မည့် ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာမုံခွန်းဝိစစ်စတန်အား ၂၆-၁-၂၀၂၆ ရက်၊ ၁၈:၃၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်အတွင်း ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် သံအမတ်ကြီး၏ ကြိုးပမ်းဆောင်ရွက်မှု များကို အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံမှုအပြီးတွင် ဒုတိယဝန်ကြီးက ထိုင်းသံအမတ်ကြီးအား ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရှိရပါသည်။
Deputy Minister for Foreign Affairs U Ko Ko Kyaw receives a farewell call by Mr. Mongkol Visitstump Ambassador of Thailand and hosts a farewell dinner
(26-1-2026,Nay Pyi Taw)
U Ko Ko Kyaw, Deputy Minister for Foreign Affairs received a farewell call by Mr. Mongkol Visitstump, Ambassador of Thailand to Myanmar at 1830 hrs on 26 January 2026, at the Park Royal Hotel in Nay Pyi Taw.
During the farewell call, Deputy Minister expressed appreciation to Mr. Mongkol Visitstump for his contribution in promoting bilateral relations and cooperation between Myanmar and Thailand. Moreover, they also reviewed the existing friendly ties between Myanmar and Thailand and discussed matters related to strengthening cooperation between the two foreign ministries as well as possible areas to enhance cooperation between the two countries.
Then, the Deputy Minister hosted a farewell dinner for the Ambassador of Thailand.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
