နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့ နှစ်နိုင်ငံအစည်းအဝေးကျင်းပပြုလုပ်
(၂၆-၁-၂၀၂၆၊ နေပြည်တော်)
ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါး၏ ဖိတ်ကြားချက်အရ ပါကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ပါကစ္စတန် နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် မြန်မာ-ပါကစ္စတန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား စီးပွါးရေး၊ စိုက်ပျိုးရေး၊ မွေးမြုရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နည်းပညာ ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ကုလ သမဂ္ဂ၊ အာဆီယံရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၊ အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) တို့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးတို့သည့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ဆက်လက်၍ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နှစ်နိုင်ငံပူးတွဲ သတင်းစာ ရှင်းလင်းပွဲသို့တက်ရောက်ခဲ့ပါသည်။ ပူးတွဲသတင်းစာရှင်းလင်းပွဲအပြီးတွင် ပါကစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာ စားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇန်နဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မြန်မာသံရုံးသို့ သွားရောက်၍ မြန်မာသံရုံးနှင့် စစ်သံရုံးမှ မိသားစုများနှင့်တွေ့ဆုံပြီး သံတမန်များနှင့် မိသားစုဝင် များသည် နိုင်ငံကို ကိုယ်စားပြုသူများဖြစ်ကြသဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်သည် ထက် ကောင်းမွန်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်သွားကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။
Myanmar Delegation Led by Union Minister for Foreign Affairs Holds Bilateral Meeting with Pakistani Delegation Led by Deputy Prime Minister and Minister for Foreign Affairs
( 26 -1- 2026, Nay Pyi Taw,)
At the invitation of His Excellency Mr. Mohammad Ishaq Dar, Deputy Prime Minister and Minister for Foreign Affairs of the Islamic Republic of Pakistan, a Myanmar delegation led by His Excellency U Than Swe, Union Minister for Foreign Affairs, currently on an official visit to Pakistan, held a bilateral meeting with the Pakistani delegation led by the Deputy Prime Minister and Minister for Foreign Affairs on 26 January 2026.
During the meeting, both sides deliberated on matters pertaining to the enhancement of cooperation between the two Ministries of Foreign Affairs. They also extensively discussed further collaboration in the sectors of economy, agriculture, livestock, manufacturing, and trade. Furthermore, views were exchanged on promoting cooperation in the fields of technology, healthcare, and culture, as well as strengthening coordination within international and regional frameworks, including the United Nations, ASEAN, the Shanghai Cooperation Organization (SCO), and the ASEAN Regional Forum (ARF).
Union Minister and the Pakistani Deputy Prime Minister and Minister for Foreign Affairs signed an Arrangement for the Establishment of Foreign Office Consultations between the two Ministries of Foreign Affairs.
Following the signing ceremony, the leaders of both delegations held a joint press conference.
After the press conference, the Union Minister attended a working lunch hosted by the Pakistani Deputy Prime Minister and Minister for Foreign Affairs.
During the visit, the Union Minister visited the Myanmar Embassy in Islamabad and met with the staff and families of the Embassy and the Office of the Military Attaché on the morning of 25 January 2026. At the meeting, the Union Minister emphasized that as diplomatic personnel and their families represent the country, it is imperative for them to diligently strive toward the further elevation of bilateral relations between the two countries.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
