နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး အား လက်ခံတွေ့ဆုံ
(၁၀-၂-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေး အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ၁၃၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နှစ်နိုင်ငံနှင့်ပြည်သူများအကြား ကာလရှည်ကြာ တည်ရှိပြီး ဖြစ်သော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုတိုးမြင့်စေရေးနှင့် စပ်လျဉ်း၍ လည်း အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။
Deputy Minister for Foreign Affairs receives Ambassador of Nepal to Myanmar
(10-2-2026, Nay Pyi Taw)
Deputy Minister for Foreign Affairs U Ko Ko Kyaw received Mr. Harishchandra Ghimire, Ambassador of Nepal, at the Ministry of Foreign Affairs in Nay Pyi Taw at 1300 hrs on 10 February 2026.
During the meeting, they discussed matters relating to bilateral relations and cooperation. In addition, they also exchanged views on further promoting the longstanding ties of friendship between the two countries and peoples.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
