နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်က မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒိုမာတင် ကယ်လီရို အက်စကိုစီယာ အား လက်ခံတွေ့ဆုံ
(၁၀-၂-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ ဆီဂွမ်ဒိုမာတင် ကယ်လီရိုအက်စကိုစီယာ အား ၁၀-၂-၂၀၂၆ ရက် နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီကာရာဂွါ သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံမြို့တော် များတွင် သံရုံးများအပြန်အလှန် ဖွင့်လှစ်နိုင်ရေး၊ နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးအပါအဝင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံ အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar receives Mr. Segundo Martin Calero Escorcia, Ambassador-Designate of Nicaragua to Myanmar
(10-2-2026, Nay Pyi Taw)
H.E. U Ko Ko Kyaw, Deputy Minister for Foreign Affairs of Myanmar received Mr. Segundo Martin Calero Escorica, Ambassador-Designate of the Republic of the Nicaragua to the Republic of the Union of Myanmar at 10:00 a.m on 10 February 2026 at the Ministry of Foreign Affairs, Nay Pyi Taw.
During the meeting, the Deputy Minister congratulated on his appointment as Ambassador of Nicaragua to Myanmar. They cordially and openly exchanged views on further strengthening the existing friendly relations between the two countries, including the reciprocal opening of embassies, enhancement of mutually beneficial cooperation, and closer collaboration in regional and international arenas.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
