နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း
(၆-၂-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ စည်းလုံး ညီညွတ် ရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေး၊ ဝန်ထမ်းများအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ် ဖြစ်ပေါ်ခိုင်မာ အားကောင်းလာစေရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များ ဖြင့် ၆-၂-၂၀၂၆ ရက် (သောကြာနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၉)၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့်အတူ အထူးဧည့်သည်တော်များ အဖြစ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ် တို့လည်း တက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြပါသည်။
ထမနဲထိုးပြိုင်ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများပါဝင်သည့် ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြပြီး ဝန်ထမ်းများကလည်း ဦးစီးဌာနအလိုက် အိုးစည်ဒိုးပတ်၊ သံချပ်များဖြင့် တီးမှုတ်ကခုန်ကာ ပျော်ရွှင်စွာအားပေးခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင်၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်း (၈)သင်း တို့၏ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
