(၅) ကြိမ်မြောက် မြန်မာ-ဘရာဇီးလ် နိုင်ငံရေးရာဆွေးနွေးပွဲ ကျင်းပ

မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား (၅) ကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဘရာဇီးလ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာ အတွင်းဝန် (ဒုတိယဝန်ကြီးအဆင့်) ဖြစ်သူ သံအမတ်ကြီး မစ္စစ် ဆူဇန် ကလီဘန့် တို့ ဦးဆောင်၍ ၁၁-၁၁-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေး၌ နှစ်ဖက်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့ အကြား လက်ရှိပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေများ၊ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုနှင့် ကောင်စစ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ အဆင့်တိုင်းတွင် ထိတွေ့ဆက်ဆံမှုများကို ပိုမိုပြုလုပ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးတို့ကို ဆွေးနွေးသဘောတူညီခဲ့ကြသည်။
ယင်းနောက် မြန်မာနိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များအပေါ်တွင်လည်း အမြင်ချင်းဖလှယ် ခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ဧည့်သည်တော် ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်နှင့် ကိုယ်စားလှယ်အဖွဲ့အား M Gallery Hotel ၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာ အတွင်းဝန်သည် ခရီးစဉ် အတွင်း ရန်ကုန်မြို့၌ ရွှေတိဂုံစေတီတော်နှင့် နေပြည်တော်၌ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တို့သို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်

*********************

5th Meeting of Myanmar-Brazil Political Consultations Held

The 5th Meeting of Political Consultations between the Ministries of Foreign Affairs of Myanmar and Brazil was held in the morning of 11 November 2026 at the M Gallery Hotel in Nay Pyi Taw. The meeting was co-chaired by U Ko Ko Kyaw, Deputy Minister for Foreign Affairs of Myanmar, and Ambassador Mrs. Susan Kleebank, Secretary for Asia and the Pacific of the Ministry of Foreign Affairs of Brazil.
At the meeting, the two sides reviewed the progress of ongoing cooperation between Myanmar and Brazil, particularly in trade, investment, agriculture, technical cooperation, culture and consular matters. They also agreed to advance cooperation in areas of mutual interest, promote engagement at all levels, and further deepen cooperation and constructive engagement in regional and multilateral platforms.
Moreover, they discussed developments in their respective countries and exchanged views on regional and international matters.
After the meeting, Deputy Minister U Ko Ko Kyaw hosted a luncheon in honour of the Secretary of the Ministry of Foreign Affairs of Brazil and Brazilian delegation at the M Gallery Hotel.
During her visit, the Secretary for Asia and the Pacific of the Ministry of Foreign Affairs of Brazil visited and paid homage to the Shwedagon Pagoda in Yangon and the Maravijaya Buddha in Nay Pyi Taw.

Ministry of Foreign Affairs
Nay Pyi Taw
Dated 11 November 2026

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).