၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား
၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကို ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀၃၀ နာရီတွင် မော်စကိုမြို့ရှိ G.V. Plekhanov စီးပွားရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ လက်ရှိတွင် မြန်မာနိုင်ငံက ထွက်ရှိသည့် သရက်သီးအနှစ်နှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ၊ အဝတ်အထည်များကို ရုရှားနိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေပါကြောင်း၊ ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို အဓိကတင်သွင်းလျက်ရှိကြောင်း၊ မြန်မာ့ ထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာပေါ်ဆန်းသည် ဈေးကွက်ဝင်ထိပ်တန်း ဆန်အမျိုးအစား ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား“ယုံကြည်မှုကိုအခြေခံတဲ့ မိတ်ဖက်ဆက်ဆံရေး၊ နည်းပညာကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးပြုသော အနာဂတ်” ကို အတူတကွ တည်ဆောက်လိုကြောင်းဖြင့် အဖွင့်အမှာစကား ပြောကြားသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
