၂၀၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်င်္သကြန်ပွဲတော်ဒုတိယနေ့ (အကျနေ့)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်ပါဝင်ဆင်နွှဲ
၂၀၂၆ ခုဧပြီလ ၁၄ ရက်
နေပြည်တော်ရင်ပြင်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပနေသည့် ၂၀၂၆ ခုနှစ် နေပြည်တော်လမ်းလျှောက်င်္သကြန်ပွဲတော်ဒုတိယနေ့ (အကျနေ့) တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက အတာသင်္ကြန်မဏ္ဍပ်ဖြင့် ဆက်လက်ပါဝင် ဆင်နွှဲလျက်ရှိပါသည်။ အတာသင်္ကြန်မဏ္ဍပ်တွင် ဝန်ကြီးဌာန၏ ဦးစီးဌာနအသီးသီးမှ အတာသင်္ကြန် ယိမ်းအကအဖွဲ့များ၏ ကပြမှုများ၊ အခြားဖျော်ဖြေတင်ဆက်မှု အစီအစဉ်များနှင့်အတူ ရေကစားရန် လာရောက်သည့် ပြည်သူများနှင့် စည်ကားလျက်ရှိပါသည်။
အကျနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမဏ္ဍပ်သို့ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း နှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများနှင့် ဝန်ထမ်း များ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
