အာဆီယံကော်မတီမှ ဦးစီးကျင်းပသော (၂၉၇) ကြိမ်မြောက် အစည်းအဝေးနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက်

(၃၀-၁၀-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၁၀၀ နာရီတွင် အော်တာဝါမြို့ရှိ Royal Ottawa Golf Club ၌ ကျင်းပပြုလုပ်သည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ (၂၉၇) ကြိမ်မြောက် အာဆီယံသံရုံးအကြီးအမှူးများ အစည်းအဝေးနှင့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် အာဆီယံသံရုံးအကြီးအမှူးများက အာဆီယံ-ကနေဒါ ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ တိုးတက်မှုအခြေအနေများ၊ လာမည့်အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ကနေဒါနိုင်ငံနှင့် ဆက်လက်ထိတွေ့ဆက်ဆံရေးဆိုင်ရာ အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများကိုလည်း အပြန်အလှန် အသိပေးဆွေးနွေးခဲ့ကြပါ သည်။
အစည်းအဝေးအပြီးတွင် အာဆီယံသံရုံးအကြီးအမှူးများသည် ကနေဒါ-အာဆီယံ ပါလီမန် အချင်းချင်း ချစ်ကြည်ရေးအဖွဲ့ (Canada-ASEAN Interparliamentary Friendship Group) ၏ ပူးတွဲဥက္ကဋ္ဌဖြစ်သူ ကနေဒါအထက်လွှတ်တော်အမတ် The Honourable Senator Clément Gignac နှင့် ဝန်ကြီးချုပ်၏ ပါလီမန်အတွင်းဝန် The Honourable Kody Blois, P.C., M.P. တို့နှင့်အတူ အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြပြီး အာဆီယံ-ကနေဒါ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည်လည်း အဆိုပါ အစည်း အဝေးနှင့် အလုပ်သဘော နေ့လယ်စာစားပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကနေဒါနိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အမြင်ချင်းဖလှယ်မှုများတွင် ပါဝင် ဆွေးနွေးခဲ့ပါသည်။

*****************

Chargé d’Affaires/ Ambassador of the Embassy of Myanmar in Canada Attends the 297th ASEAN Committee in Ottawa Meeting and Working Luncheon

(30-10-2026, Ottawa)

Chargé d’Affaires/Ambassador of the Embassy of Myanmar in Canada, U Zaw Tun Oo, attended the 297th Meeting of the ASEAN Committee in Ottawa (ACO) Heads of Mission (HOMs) and Working Luncheon held on Thursday, 29 October 2026, at 11:00 a.m. at the Royal Ottawa Golf Club, Ottawa.
During the meeting, Heads of ASEAN Missions exchanged views on ASEAN-Canada relations and cooperation, including updates on the progress of negotiations for the ASEAN-Canada Free Trade Agreement (ACAFTA) and upcoming ASEAN Summits and engagements with Canada. The Heads of Mission also shared information on bilateral relations and current domestic developments in their respective countries and discussed other matters of mutual interest.
Following the meeting, the Heads of ASEAN Missions attended a working luncheon with the Honourable Senator Clément Gignac, Co-Chair of the Canada-ASEAN Interparliamentary Friendship Group, and the Honourable Kody Blois, P.C., M.P., Parliamentary Secretary to the Prime Minister. The luncheon provided an opportunity to exchange views on ASEAN-Canada relations and explore opportunities to further strengthen cooperation between ASEAN and Canada.
Chargé d’Affaires/Ambassador of the Embassy of Myanmar in Canada, U Zaw Tun Oo, participated in the discussions and exchanges aimed at promoting closer engagement and strengthening relations and cooperation between ASEAN Member States and Canada.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).