အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

(၆-၃-၂၀၂၆ရက်၊နေပြည်တော်)

၁။အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိပါသည်။

၂။ ကမ္ဘာ့နိုင်ငံများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို အခြေခံပြီး အပြုသဘော‌ဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါသည်။

၃။ အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစား လိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းပါသည်။

**********

Press Statement on situation in the Middle East

(6-3-2026,Nay Pyi Taw)

Myanmar is deeply concerned by the recent attacks in the Middle East Region.
Myanmar believes that countries can only achieve the resolution of conflicts through constructive dialogue and diplomatic efforts based on the five principles of Peaceful Co-existence.

All parties concerned in the Middle East conflict need to uphold mutual respect for the sovereignty and territorial integrity of each and every country. Myanmar urges all parties concerned to de-escalate the conflict and attacks and address the situation through peaceful negotiation.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).