သတင်းထုတ်ပြန်ချက်
ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်
(၁၅-၁-၂၀၂၄ ရက် ၊ နေပြည်တော်)
မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို အစဉ်တစိုက် ထောက်ခံပြီး ယင်းမူဝါဒအရ ထိုင်ဝမ်(တရုတ်-တိုင်ပေ)သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍ မရသော အစိတ်အပိုင်း တစ်ခုအဖြစ် မှတ်ယူထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသ လွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ် သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေး ထောက်ခံကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို တစ်စိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်။
Press Release
Myanmar’s view on Development of Taiwan (Chinese-Taipei)
(15-1-2024, Nay Pyi Taw)
Myanmar constantly adheres to the “One China Policy” and reaffirms that Taiwan (Chinese-Taipei) is an integral part of the People’s Republic of China and opposes any separatist activities aimed at “Taiwan independence” and foreign interference in internal affairs of other states while fully supports China’s strive in achieving peaceful reunification.
Myanmar has been maintaining good neighbourly Pauk-Phaw relations with China and consistently supporting the “One China Policy”.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
