မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးက ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

(၁-၁၁-၂၀၂၆၊ အော်တာဝါ)

ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (တနင်္ဂနွေနေ့) တွင် အော်တာဝါမြို့ရှိ Ottawa Masonic Center ၌ Hilda Jayewardenaramaya ဗုဒ္ဓဘာသာကျောင်းတိုက် နှင့် Buddhist Congress of Canada တို့ ပူးပေါင်း ကျင်းပသည့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဇော်ထွန်းဦးနှင့် သံရုံး ဝန်ထမ်းများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သံဃာတော်များအား ရိုသေကြည်ညို စွာ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့ပြင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာ ဝင်များနှင့် အလှူရှင်များကလည်း ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူခြင်းနှင့် အခြားသော ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြပါသည်။
ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင်များအတွက် မြတ်နိုးတန်ဖိုးထား သည့် ဘာသာရေးအခမ်းအနားတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာဝင်များနှင့် အခြားဗုဒ္ဓ ဘာသာဝင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေသည့် အခမ်းအနား တစ်ခုလည်း ဖြစ်ပါသည်။

***********

Chargé d’Affaires/Ambassador of the Embassy of Myanmar in Canada Attends the Kathina Robe Offering Ceremony and Make Offerings to the Maha Sangha

(1-11-2026, Ottawa)

Chargé d’Affaires/Ambassador of the Embassy of Myanmar in Canada, U Zaw Tun Oo attended the Kathina Robe Offering Ceremony held on Sunday, 1 November 2026, at the Ottawa Masonic Center in Ottawa. The ceremony was jointly organized by Hilda Jayewardenaramaya Buddhist Monastery and the Buddhist Congress of Canada.
During the ceremony, the Chargé d’Affaires/Ambassador and Embassy staff respectfully offered Kathina robes and other requisites to the Maha Sangha. Buddhist devotees and donors attending the ceremony also collectively participated in offering Kathina robes and other requisites to the Sangha, offering meals and other donations to the monks, listening to Dhamma sermons and performing other meritorious deeds.
The Kathina Robe Offering Ceremony is an important Buddhist religious occasion that promotes friendship and solidarity among Myanmar Buddhists and other Buddhist communities in Canada.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).