ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိ

(၄-၉-၂၀၂၆၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသမ္မတ နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဟနွိင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မွန်းတည့် ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။
Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဗီယက်နမ်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် နွေးထွေးစွာ ကြိုဆိုကြသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).