ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေး

အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Shri Narendra Modi နှင့် တွေ့ဆုံဆွေးနွေးသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး Dr. P.K. Mishra၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ် H.E. Mr. Ajit Doval၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဝန်ကြီးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းပီသစွာဖြင့် အတူယှဉ်တွဲနေထိုင်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ စိုက်ပျိုးရေး သုံးဓာတ်မြေဩဇာနှင့် ဆေးဝါးများ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများ၊ ချည်မျှင်နှင့် အထည် အလိပ်များ တိုးမြှင့်တင်သွင်းနိုင်သည့် အခြေအနေများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဉာဏ်ရည်တုနည်းပညာကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ နှိမ်နင်းရေးတို့ အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံအနေဖြင့် တရားမျှတပြီး သိဏ္ခာရှိသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ ကျကျ အကောင်အထည်ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ အနာဂတ်ကာလများတွင် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ဘုံအကျိုး ဖြစ်ထွန်းစေမည့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက် သည်။
ဂုဏ်ပြုနေ့လယ်စာသုံးဆောင်ပြီးနောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ ဝန်ကြီး ချုပ်ရုံး (Hyderbad House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။

**********************

President of the Republic of the Union of Myanmar U Min Aung Hlaing holds a meeting with Prime Minister of the Republic of India Shri Narendra Modi.

President of the Republic of the Union of Myanmar, U Min Aung Hlaing, met with Prime Minister of the Republic of India, H.E. Shri Narendra Modi, at Hyderabad House on 1st June morning. The President is currently on an official visit to India at the invitation of the Prime Minister. The meeting was attended by Union Ministers U Khin Maung Yi, U Tin Maung Swe, Dr Kan Zaw, U Min Naing, and Dr Charlie Than, and Myanmar delegation members. The Indian Prime Minister was accompanied by Minister for External Affairs Dr. Subrahmanyam Jaishankar, Minister at the Prime Minister’s Office Dr. PK Mishra, National Security Advisor Mr. Ajit Doval, Ambassador of India to Myanmar, and officials from the Prime Minister’s Office.
At the meeting, they exchanged views on the exercising the five principles of peaceful coexistence between the two countries, promotion of cooperation in education, health, defense, trade, investment and business, tourism and cultural sectors, increase in importation of construction materials, agricultural fertilizers and medicines, oil and oil products, fibers and textiles to Myanmar, cooperation in information and technology, artificial intelligence (AI) sector and space technological sector, bilateral cooperation in ensuring peace and stability in border region, drug eradicating and combatting online scam and gambling activities, efforts of Myanmar in holding the fair and prestigious election, ongoing process of democratically elected government on the path of democracy to implement the wills of the people through Hluttaws formed with People’s representatives, and implementation of plans for the interests of both countries and peoples.
The high-level Myanmar delegation led by the President attended the luncheon in its honour of the Indian Prime Minister H.E. Shri Narendra Modi.
After the luncheon, the President signed the guests’ book of Hyderabad House.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).