ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က လာရောက်ဂါရဝပြုတွေ့ဆုံ
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Mr. Ajit Doval က မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
***********************
President U Min Aung Hlaing receives India’s National Security Adviser
Mr. Ajit Doval, National Security Advisor (NSA) of India, paid a courtesy call on the President of the Republic of the Union of Myanmar, U Min Aung Hlaing, currently in New Delhi, India, on an official visit, on the afternoon of 31 May.
At the meeting, they frankly exchanged views on the promotion of friendly ties and cooperation between the two countries, the security, peace, and stability in the border region, and measures to further promote multi-sector cooperation between Myanmar and India.
Also, present at the meeting were Union Ministers U Khin Maung Yi and U Tin Maung Swe, and officials. The National Security Adviser (NSA) of India was accompanied by the Ambassador of India to Myanmar, Shri Abhay Thakur, and officials.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
