ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ အိန္ဒိယနိုင်ငံဆိုင်ရာ
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် မေလ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ၊ ပညာတော်သင် သင်တန်းသားများအား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံး၊ စစ်သံရုံး မိသားစုများ၊ ပညာတော်သင် သင်တန်း သားများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် ပညာတော်သင် သင်တန်းသားများက လက်ခံရယူကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး မိသားစုများက တည်ခင်းဧည့်ခံသည့်ညစာအား မိသားစုများနှင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။
***********************
President U Min Aung Hlaing met families of the Myanmar Embassy and the Military Attaché Office to India, and scholarship trainees at the Myanmar Embassy to India
President of the Republic of the Union of Myanmar U Min Aung Hlaing, currently in India on an official visit, met families of the Myanmar Embassy and the Military Attaché Office to India and scholarship trainees at the Myanmar Embassy to India on 30 May.
The President presented foodstuffs and cash awards for families of the Myanmar Embassy and the Military Attaché Office, and trainees to the Ambassador, the Military Attaché, and trainees. The President and party had dinner hosted by the families of the Myanmar Embassy and the Military Attaché Office, together with those families.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
