ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပ ရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က မေ ၃၀ ရက်၊ ညနေပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ယခုကဲ့သို့ တရားဝင်ခရီးစဉ်မှ တစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာမည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပေါ် ထောက်ခံမှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေ အနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် အခြား နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားမည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေနှင့် တာဝန်ရှိသူများ၊ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးနှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
****************
Myanmar and India Pledge to Deepen Bilateral Ties and Strategic Cooperation
Minister of External Affairs of India, Dr. Subrahmanyam Jaishankar paid a courtesy call on the president of the Republic of the Union of Myanmar, U Min Aung Hlaing, currently in New Delhi, India, on an official visit on 30 May 2026.
At the meeting, they cordially exchanged views on the progress of friendly ties and cooperation between Myanmar and India, and the further promotion of friendly relations and cooperation between the two countries.
They also discussed holding the multiparty democratic general election in Myanmar, development projects, trade, defence, security, development, and border peace and stability measures.
Furthermore, they emphasized the promotion of cooperation in multi-sectors between the two countries.
Also present at the meeting were Union Ministers U Khin Maung Yi and U Tin Maung Swe, officials, and the Myanmar Ambassador to India. The Indian Minister of External Affairs was accompanied by the ambassador of India to Myanmar, Shri Abhay Thakur, and officials.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
