ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ၏ ဖိတ်ကြားချက်အရ မေလ ၃၀ ရက် နံနက်ပိုင်းက အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။
ထိုနောက် နိုင်ငံတော်သမ္မတ၏ အထူးလေယာဥ်သည် အိန္ဒိယနိုင်ငံ၊ ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်ခဲ့ရာ ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး Lt. Gen.(Retd) Syed Ata Hasnain နှင့်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ(ကြည်းရေလေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်၊ မြန်မာကောင်စစ် ဝန်ချုပ်တို့က လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
**************
High-level Myanmar Delegation Led by President of the Republic of the Union of Myanmar U Min Aung Hlaing Arrives in India to pay Official Visit
At the invitation of the Prime Minister of India, Shri Narendra Modi, President U Min Aung Hlaing departed from Nay Pyi Taw International Airport by special flight on the morning of May 30 for an official visit to India.
The special flight of the President later arrived at Gaya International Airport in India. Upon arrival, the President and his delegation were warmly welcomed at the airport with a guard of honor by Bihar State Governor Lt. Gen. (Retd) Syed Ata Hasnain and government officials, Myanmar Ambassador to the Republic of India U Zaw Oo, Myanmar Military, Naval and Air Attaché Brigadier-General Zaw Moe Lwin, and the Myanmar Consul-General.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
