ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး ကို လက်ခံတွေ့ဆုံ
(၂၆-၆-၂၀၂၅ရက်၊နေပြည်တော်)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ ၁၀၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် သက်ရောက်မှုရှိခဲ့သည့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၌ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး အမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် အတူတကွ ဆက်လက်လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြ သည်။
***************************
The Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, H.E. U Lwin Oo, received the Ambassador Extraordinary and Plenipotentiary of the Federal Democratic Republic of Nepal to the Republic of the Union of Myanmar, H.E. Mr. Harishchandra Ghimire
(26-6-2025, Nay Pyi Taw)
The Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, H.E. U Lwin Oo, received the Ambassador Extraordinary and Plenipotentiary of the Federal Democratic Republic of Nepal to the Republic of the Union of Myanmar, H.E. Mr. Harishchandra Ghimire, at the Ministry of Foreign Affairs in Nay Pyi Taw at 1000 hrs on 26 June 2025.
During the meeting, they cordially discussed matters pertaining to cooperation on reconstruction in the affected areas following the Mandalay earthquake. They also exchanged views on enhancing cooperation in areas of mutual interest and agreed to continue working together to further strengthen the friendly relations between the two countries.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
