ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အားလက်ခံတွေ့ဆုံ

(၉-၁-၂၀၂၅ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်၊ (၁၅၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကာလရှည်ကြာ တည်ရှိလျက် ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်း စေမည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက် အခွင့်အလမ်းများ ရှာဖွေရေးနှင့် အကျိုးဖြစ်ထွန်းသည့် ရလဒ်များ ရရှိရေးအတွက် နှစ်နိုင်ငံအကြား တည်ထောင် ထားရှိသည့် ယန္တရားများကို အသုံးချနိုင်ရေး အရေးပါမှုတို့ကို အလေးထား ဆွေးနွေးခဲ့ ကြသည်။

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar

(9-1-2025,Nay Pyi Taw)

U Lwin Oo, Deputy Minister for Foreign Affairs of the Republic of the Union of Myanmar, received H.E. Mr. Abhay Thakur, Ambassador Extraordinary and Plenipotentiary of the Republic of India to the Republic of the Union of Myanmar, at 1500 hrs on 9 January 2025 at the Ministry of Foreign Affairs in Nay Pyi Taw.
During the call, they discussed strengthening the longstanding friendship and cooperation between Myanmar and India, exploring opportunities to deepen collaboration in areas of mutual interest and emphasizing the importance of utilizing existing bilateral mechanisms to achieve fruitful outcomes.

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).