နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော် တတိယနေ့ (အကြတ်နေ့)တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမဏ္ဍပ်သို့ ဘယ်လာရုစ်အကအဖွဲ့ လာရောက်ဖျော်ဖြေ
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်
နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော် တတိယနေ့ (အကြတ်နေ့) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အတာသင်္ကြန်မဏ္ဍပ်၌ ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ တင်ဆက်ကပြမှုများ၊ အခြားဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ပါဝင် ဆင်နွှဲလျက်ရှိပြီး လာရောက်ရေကစားသူပြည်သူများဖြင့် စည်ကားလျက်ရှိပါသည်။
အကြတ်နေ့တွင် ဝန်ကြီးဌာနမဏ္ဍပ်သို့ ဘယ်လာရုစ်နိုင်ငံမှ “နှလုံးလှသံစဉ်များ” တေးဂီတအဖွဲ့က လာရောက်ဖျော်ဖြေကာ အတာသဘင်ကို ပါဝင်ဆင်နွှဲခဲ့ပါသည်။
ယနေ့တင်ဆက်ဖျော်ဖြေမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်ဇနီး၊ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ဝန်ထမ်းများ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
အတာသင်္ကြန်အတက်နေ့ (ဧပြီလ ၁၆ရက်နေ့)တွင် ပြည်ပနိုင်ငံများမှ သံတမန်များ အတာသဘင် လာရောက်ပါဝင်ဆင်နွှဲရန်ရှိကြောင်းသိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
