နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က NETRA (NTPC Energy Technology Research Alliance) ကို ကြည့်ရှုလေ့လာ
အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၃၁ ရက် တွင် နယူးဒေလီမြို့ရှိ NETRA (NTPC Energy Technology Research Alliance) ၌ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့သည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား NETRA (NTPC Energy Technology Research Alliance) ကုမ္ပဏီအကြီးအကဲ Mr. Gurdeep Singh နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ကုမ္ပဏီကွန်ဖရန့် ခန်းမ၌ နိုင်ငံတော်သမ္မတနှင့် ကုမ္ပဏီအကြီးအကဲတို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက NETRA (NTPC Energy Techno-logy Research Alliance) လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြား ခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတက ကုမ္ပဏီသို့ ရောက်ရှိလေ့လာမှု အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်သစ်ပင်အား စိုက်ပျိုးပေးခဲ့ပါသည်။
*************************
President U Min Aung Hlaing Visits NETRA (NTPC Energy Technology Research Alliance)
President of the Republic of the Union of Myanmar U Min Aung Hlaing, currently in New Delhi, India, on an official visit, visited NETRA (NTPC Energy Technology Research Alliance) on 31 May.
On its arrival at NETRA (NTPC Energy Technology Research Alliance), the President and delegation were cordially welcomed by the Head of the company, Mr. Gurdeep Singh, and officials. At the company’s conference hall, the President and the Head of the Company exchanged commemorative gifts, and a company official presented an overview of the operations and work processes of NETRA (NTPC Energy Technology Research Alliance). In response to the presentation, the President engaged in a follow-up discussion and raised several points for further clarification.
Subsequently, the President planted a commemorative tree to mark his visit to the company.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
