နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ တက်ရောက်ဆွေးနွေးပြောကြား

(၇-၁၀-၂၀၂၆၊ နေပြည်တော်)

မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် မလေးရှားနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က ဦးစီးကျင်းပပြုလုပ်သည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026) သို့ နိုင်ငံတော်သမ္မတ တက်ရောက်ဆွေးနွေးပြောကြားသည်။
အဆိုပါ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲအား ယနေ့ မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ InterContenental Kuala Lumpur Hotel ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).