နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်းယာယီရုံးခန်း ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပ
(၂၃-၂-၂၀၂၆ ရက်၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း၏ ယာယီရုံးခန်း ဖွင့်လှစ်ပွဲအခမ်းအနားကို ၂၀-၂-၂၀၂၆ ရက်၊ နံနက် ၉:၃၀ နာရီချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)၏ တိုးချဲ့အဆောက် အအုံ ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယ ဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း၏ နာယက၊ ဥက္ကဋ္ဌနှင့် အသင်းဝင် နိုင်ငံခြားရေးဝန်ထမ်းဟောင်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ(ဒုတိယဝန်ကြီး-ငြိမ်း)၊ ဦးသန့်ကျော်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း နာယက (ဒုတိယဝန်ကြီး-ငြိမ်း) ဦးညွန့်ဆွေ၊ အငြိမ်းစားပြည်ထောင်စုဝန်ကြီးများနှင့် ဝါရင့်သံတမန်များက ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ နိုင်ငံခြားရေးဝန်ထမ်း ဟောင်းများအသင်းသို့ ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခြင်းများကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများကို ပြည်ထောင်စုဝန်ကြီးက လန်းဆန်းစာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။ ယင်းနောက် နိုင်ငံခြားရေးဝန်ထမ်းဟောင်းများအသင်း ယာယီရုံးခန်း၏ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းကာ ရုံးခန်းဖွင့်လှစ်ပေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
**********************
Opening Ceremony of the Temporary Office of the Former Foreign Service Personnel Association
(23-2-2026, Yangon)
The opening ceremony of the temporary office of the Former Foreign Service Personnel Association was held on February 20, 2026, at 9:30 AM within the premises of the Ministry of Foreign Affairs (Yangon) extension building.
The ceremony was attended by U Than Swe, Union Minister for Foreign Affairs, U Ko Ko Kyaw, Deputy Minister for Foreign Affairs, and the Chairman of the Myanmar Institute of Strategic and International Studies (MISIS) as well as Union Ministers, Deputy Ministers, and Ambassadors who previously served in the Ministry of Foreign Affairs together with the Patron, Chairman, and members of the Former Foreign Service Personnel Association, and officials from the Ministry. During the event, the Chairman of the Myanmar Institute of Strategic and International Studies delivered a welcoming remark, followed by an opening address from Union Minister U Than Swe. Then, the Patron of the Association (Retired Deputy Minister), U Nyunt Swe, retired Union Ministers and senior diplomats expressed their words of thanks.
Afterwards, the Former Foreign Service Personnel Association received donations for its fund. Following the ceremony, the Union Minister hosted a refreshment reception for the guests. Subsequently, the temporary office was officially inaugurated with the ceremonial sprinkling of scented water on the temporary office’s commemorative plaque followed by the signing of the guest book.
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
